တမန်တော်မြတ် ﷺ ၏ ဆွလာသ်ဝတ်ပြုပုံ (ဗမာ)

တမန်တော်မြတ် ﷺ ၏ ဆွလာသ်ဝတ်ပြုပုံ

  • earth ဘာသာစကား
    (ဗမာ)
  • earth ရေးသားပြုစုသူ:
    الشيخ عبد العزيز بن عبد الله بن باز

အခြားဘာသာပြန်များ 77

ce شيشاني- нохчийн мотт sq ألباني- Shqip pt برتغالي- português as آسامي- অসমীয়া ms ملايو- Melayu uz أوزبكي- Ўзбек ar عربي- العربية ps بشتو- بشتو ur أردو- اردو en إنجليزي- English bn بنغالي- বাংলা ru روسي- Русский zh صيني- 中文 fa فارسي- فارسي fr فرنسي- Français hi هندي- हिन्दी sw سواحيلي- Kiswahili id إندونيسي- Indonesia ha هوسا- Hausa tl فلبيني تجالوج- Tagalog tr تركي- Türkçe gu غوجاراتية- ગુજરાતી te تلغو- తెలుగు si سنهالي- සිංහල ta تاميلي- தமிழ் mk مقدوني- македонски pl بولندي- polski it إيطالي- italiano hu هنجاري مجري- magyar ka جورجي- ქართული es إسباني- español kn كنادي- ಕನ್ನಡ om أورومو- afaan oromoo sr صربي- Српски az أذري- azərbaycanca lo لاو- ພາສາລາວ ml مليالم- മലയാളം tg طاجيكي- тоҷикӣ hy أرميني- Հայերէն bs بوسني- bosanski vi فيتنامي- Tiếng Việt dv ديفهي- ދިވެހި ky قرغيزي- Кыргызча st سوتي- Sesotho th تايلندي- ไทย ne نيبالي- नेपाली cs تشيكي- čeština fi فنلندي- suomi bg بلغاري- български mos موري- Mõõré mg ملاغاشي- Malagasy kk كازاخي- қазақ тілі ig إيجبو- Igbo yo يوربا- Èdè Yorùbá uk أوكراني- українська ddn دندي- Dendi dje زارما- Zarmaciine mfe كريولي- créole ko كوري- 한국어 da دنماركي- dansk sn الشونا- Shona prs دري- فارسی دری af أفريقاني- Afrikaans dyo جوالا- Jóola so صومالي- Soomaali bem بيمبا- Bemba ja ياباني- 日本語 sl سلوفيني- slovenščina nl هولندي- Nederlands my بورمي- ဗမာ ki كيكويو- Gĩkũyũ lt ليتواني- lietuvių mnk مندنكا- Mandinka lv لاتفي- latviešu rn كيروندي- Ikirundi hr كرواتي- hrvatski ro روماني- română
PHPWord

 

 

كَيْفِيَّةُ صَلَاةِ النَّبِيِّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ

 

 

တမန်တော်မြတ် ﷺ ၏ ဆွလာသ်ဝတ်ပြုပုံ

 

 

لِفَضِيلَةِ الشَّيْخِ العَلَّامَةِ

عَبْدِ العَزِيزِ بْنِ عَبْدِ اللَّهِ بْنِ بَازٍ

غَفَرَ اللَّهُ لَهُ وَلِوَالِدَيْهِ وَلِلْمُسْلِمِينَ

 

ဂုဏ်သရေရှိလှသော ပညာရှင်ကြီး

အဗ္ဗဒွလ်အဇီးဇ် ဗင်န် အဗ်ဒွလ္လာ ဗင်န် ဗာဇ်

 

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

တမန်တော်မြတ် ﷺ ၏ ဆွလာသ်ဝတ်ပြုပုံ

အလွန်တရာ သနားကြင်နာတော်မူသော၊ အလွန်တရာ သနားညှာတာတော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏။

ချီးမွမ်းခြင်းအပေါင်းသည် အလ္လာဟ်အ ရှင်မြတ်တစ်ပါးတည်းအတွက်သာ ဖြစ်တော်မူ၏၊ အလ္လာဟ်အရှင်မြတ်၏ ကျေး ကျွန်နှင့်ရစူလ်တမန်တော် ဖြစ်‌သောကျွန်ုပ်တို့၏နဗီတမန်တော် မုဟမ္မဒ်နှင့်ကိုယ်တော်၏ဆွေတော်မျိုးတော်များ၊ သာဝကများအပေါ်၌ ကောင်းချီးမင်္ဂအဖြာဖြာနှင့် ငြိမ်းချမ်းသာယာမှုအ‌ပေါင်းကျရောက်ပါစေသတည်း။ ထို့နောက်တွင်-

ဤသည်မှာ တမန်တော်မြတ် ﷺ ၏

ဆွလာတ်ဝတ်ပြုပုံကို ရှင်းလင်းထားသော အကျဉ်းချုပ်စကားရပ်များဖြစ်ပြီး၊ ၎င်းကို ဖတ်ရှုသူတိုင်း ထိုကိစ္စတွင် ကိုယ်တော်မြတ်ကို အတုယူ ကြိုးပမ်းအားထုတ်နိုင်စေရန် မွတ်စ်လင်မ် အမျိုး သားနှင့် အမျိုးသမီးတိုင်းထံသို့ ကျွန်ုပ် တင်ပြလိုပါသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်မြတ် ﷺ  မိန့်တော်မူသည့်အတိုင်း -

(صَلُّوا كَمَا رَأَيْتُمُونِي أُصَلِّي).

(ငါကို‌ယ်တော်ဝတ်ပြုသည်ကို သင်တို့မြင်တွေ့ရသည့်အတိုင်း သင်တို့လည်း ဝတ်ပြုကြလော့။)1. စာဖတ်သူအတွက် ၎င်း၏ ရှင်းလင်းချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(၁) အပြည့်အဝ ကောင်းမွန်ကျနစွာ ဝုဿွူပြုခြင်း။ ၎င်းမှာ အလ္လာဟ်အရှင်မြတ်၏ မိန့်ကြားတော်မူချက်ကို လိုက်နာကျင့်သုံးသည့်အနေဖြင့် အရှင်မြတ် အမိန့်ပေးတော်မူထားသည့်အတိုင်း ဝုဿွူပြုလုပ်ခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ-

﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِذَا قُمۡتُمۡ إِلَى ٱلصَّلَوٰةِ فَٱغۡسِلُواْ وُجُوهَكُمۡ وَأَيۡدِيَكُمۡ إِلَى ٱلۡمَرَافِقِ وَٱمۡسَحُواْ بِرُءُوسِكُمۡ وَأَرۡجُلَكُمۡ إِلَى ٱلۡكَعۡبَيۡنِ...﴾

﴾အို- အီမာန် ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် ဆွလာသ် ဝတ်ပြုရန် ရပ်ကြသောအခါ အသင်တို့၏ မျက်နှာများနှင့် အသင်တို့၏ လက်များကို တံတောင် ဆစ်များ အပါအဝင် ဆေးကြောကြပါ။ ၎င်းပြင် အသင်တို့သည် အသင်တို့၏ ဦးခေါင်းများကို ပွတ်သပ်ကြပါ။ ၎င်းပြင် အသင်တို့၏ ခြေများကိုလည်း ခြေမျက် စိနှစ်ခုအပါအဝင် ဆေးကြောကြပါ။...﴿ [စူရဟ် မာအိဒဟ် အာယသ် - ၆] အာယသ်တော်။

တမန်တော်မြတ် (ﷺ) မိန့်ကြားတော်မူသည်မှာ-

َا تُقْبَلُ صَلَاةٌ بِغَيْرِ طُهُورٍ).

(သန့်ရှင်းစင်ကြယ်မှုမရှိဘဲ မည်သည့်ဆွလာသ်ကိုမျှ လက်ခံတော်မူမည် မဟုတ်ပေ။)2

တမန်တော်မြတ်(ﷺ)သည်ဆွလာသ်ကို မှားယွင်းစွာဝတ်ပြုခဲ့သူအား မိန့်ကြားတော်မူထားသည်မှာ-

(‌إِذَا ‌قُمْتَ ‌إِلَى ‌الصَّلَاةِ، ‌فَأَسْبِغِ ‌الْوُضُوءَ).

(အသင်ဆွလာသ်ဝတ်ပြုရန် ရပ်သည့်အခါ ဝုဿွူကို ပြည့်စုံစွာပြုလုပ်ပါ။)3

(၂) ဆွလာသ်ဝတ်ပြုသူသည် မည်သည့်နေရာတွင် ရောက်ရှိနေပါစေ ခန္ဓာကိုယ်ကို ကအ်ဗဟ်ကျောင်းတော်ဖြစ်သည့် ကိဗ်လဟ်ဘက်သို့ မျက်နှာမူရမည်။ မိမိဝတ်ပြုလိုသည့် ဖရ်ဿ်ွ သို့မဟုတ် နာဖိလ်ဆွလာသ်အား စိတ်နှလုံးဖြင့် ရည်စူး(နီယသ်ပြု) ရမည်။ နီယသ်ကို နှုတ်မှ အသံထွက် ၍ မရွတ်ဆိုရပါ။ အကြောင်းမှာ နှုတ်မှ အ သံထွက်၍ ရွတ်ဆိုခြင်းသည် ပြဋ္ဌာန်းထားခြင်း မရှိဘဲ ဗိဒ်အသ်(သာသနာတွင် အ သစ်ထွင်မှု) တစ်ခုဖြစ်သောကြောင့်ဖြစ် သည်။ တမန်တော်မြတ်ﷺ သည်လည်း နီယသ်ကို နှုတ်မှ အသံထွက်၍ ရွတ်ဆိုခဲ့ခြင်း မရှိပေ။ အကယ်၍ဦးဆောင်၍ ဝတ်ပြုမည့်သူ သို့မဟုတ် တစ်ဦးတည်းဝတ်ပြုသူ ဖြစ်ပါက ဆွလာသ်ဝတ်ပြုရန် စွသ်ရဟ်(အကာအကွယ်)တစ်ခုကို ထားရှိရမည်။ ကိဗ်လဟ်ဘက်သို့ မျက်နှာမူခြင်းသည် ဆွလာသ်၏ စည်းကမ်းချက်တစ်ခုဖြစ်သည်။သို့သော် ပညာရှင်များ ၏ ကျမ်းဂန်များတွင် ရှင်းလင်းဖော်ပြထားသော လူသိများသည့် ကင်းလွတ်ခွင့်ရှိသော ကိစ္စရပ်များမှလွဲ၍ ဖြစ်သည်။

၃- မိမိ၏အကြည့်ကို စဂျ်ဒဟ်ပြုမည့်နေ ရာသို့ ကြည့်လျက် "အလ္လာဟုအက္ကဗရ်" ဟုဆိုကာ သက္ကဗီရ်အိဟ်ရာမ်ကို ရွတ်ဆိုရမည်။

(၄) သက္ကဗီရ်ဆိုသည့်အခါ လက်နှစ်ဖက်ကို ပခုံးနှင့်တစ်တန်းတည်း သို့မဟုတ် နား ရွက်နှင့်တစ်တန်းတည်း မြှောက်ရမည်။

(၅) ညာဘက်လက်ဖဝါးကို ဘယ်ဘက်လက်ဖမိုး၊ လက်ကောက်ဝတ်နှင့် လက်ဖျံတို့ပေါ်တွင် တင်၍ ရင်ဘတ်ပေါ်တွင် လက်ပိုက်ရမည်။ ဤသည်မှာ တမန်တော်မြတ် ﷺ ထံမှ တိကျခိုင်လုံစွာ လာရှိထားသောကြောင့်ဖြစ်သည်။

(၆) အဖွင့် ဒုအာကို ရွတ်ဖတ်ခြင်းသည်

စွန္နသ်ဖြစ်သည်။ ၎င်းမှာ -

(اللَّهُمَّ بَاعِدْ بَيْنِي وبيْنَ خَطَايَايَ، كَمَا بَاعَدْتَ بيْنَ المَشْرِقِ والمَغْرِبِ، اللَّهُمَّ نَقِّنِي مِنَ الخَطَايَا كَمَا يُنَقَّى الثَّوْبُ الأبْيَضُ مِنَ الدَّنَسِ، اللَّهُمَّ اغْسِلْ خَطَايَايَ بالمَاءِ والثَّلْجِ والبَرَدِ).

(အို - အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ် သည် အရှေ့အရပ်နှင့် အနောက်အရပ်ကို ဝေးကွာအောင် ပြုတော်မူထားသကဲ့သို့ ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏ အ ပြစ်အကုသိုလ်များကြားတွင်လည်း ဝေး ကွာအောင် ပြုလုပ်ပေးတော်မူပါ။ အို - အလ္လာဟ်အရှင်မြတ်၊ အဖြူရောင်အဝတ်အား အညစ်အကြေးများမှ စင်ကြယ်သန့်ရှင်းစေသကဲ့သို့ ကျွန်တော်မျိုးကိုလည်း အပြစ်အကုသိုလ်များမှ စင်ကြယ်သန့်ရှင်းစေတော်မူပါ။ အို - အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ အပြစ်အကုသိုလ်များကို ရေဖြင့်လည်းကောင်း၊ မိုးနှင်းရေဖြင့်လည်းကောင်း၊ မိုးသီးရေဖြင့်လည်းကောင်း ဆေးကြောသန့်စင်စေတော်မူပါ။)4

အကယ်၍ ဆန္ဒရှိလျှင် ၎င်း၏အစား ဤသို့ရွတ်ဆိုနိုင်သည်။

(سُبْحَانَكَ اللَّهُمَّ وبِحَمْدِكَ، وَتَبَارَكَ اسْمُكَ، وَتَعَالَى جَدُّكَ، ولَا إلَهَ غَيْرُكَ).

"(စွဗ်ဟာနကလ္လာဟွမ္မ ဝဗိဟမ်ဒိက၊ ဝသဗာရကတ်စ်မုက၊ ဝသအားလာဂျဒ်ဒုက၊ ဝလာအိလာဟဂိုင်းရုက်။)

အဓိပ္ပါယ် - အို အလ္လာဟ်အရှင်မြတ်၊ အသင်အရှင်မြတ်သည် ချွတ်ယွင်းချက်အပေါင်းမှ ကင်းစင်တော်မူပါသည်ဟု

ကျွန်တော်မျိုး မြွတ်ဟနေပါ၏။ အသင်အရှင်မြတ်သည်သာလျှင် ချီးမွမ်းခြင်းကို ခံထိုက်တော်မူသောအရှင်ဖြစ်တော်မူ၏။ အသင်အရှင်မြတ်၏ နာမတော်သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူပါ၏။ အသင်အရှင်မြတ်၏ ဘုန်းတန်ခိုးတော် သည် (အတိုင်းအဆမရှိ) ကြီးမားတော်မူ၏။ အသင်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ် ထိုက်တော်မူသော အရှင်ဟူ၍ မရှိ။5၊" အကယ်၍ ၎င်းနှစ်ခုမှလွဲ၍ တမန်တော်မြတ်မ်ﷺ ထံတော်မှ မှန်ကန်ခိုင်လုံစွာ အ တည်ဖြစ်ထားသော အခြား အဖွင့်ဆုမွန်ဒုအာများကို ရွတ်ဖတ်ပါကလည်း အပြစ်မရှိပါ။ အကောင်းဆုံးမှာ ၎င်းတို့ကို တစ်လှည့်စီ ရွတ်ဖတ်သင့်သည်။အဘယ် ကြောင့်ဆိုသော် ထိုသို့ပြုလုပ်ခြင်းသည် လိုက်နာကျင့်သုံးရာတွင် ပို၍ ပြီးပြည့်စုံသောကြောင့် ဖြစ်သည်။ ထို့နောက် "အာအူဇုဗိလ္လာဟိ မင်နရှ်ရှိုင်သွာနိရ် ရဂျီးမ်၊ ဗစ်စ်မိလ္လာဟိရ် ရဟ်မာနိရ် ရဟီးမ်" ဟု ရွတ် ဆိုပြီးနောက် စူရဟ် ဖာသိဟဟ် ဖတ်ရမည်။ အဘယ်ကြောင့်ဆိုသော် အောက်ပါအတိုင်း မိန့်ကြားတော်မူချက် ရှိသော ကြောင့်ဖြစ်သည်။

(لَا صَلَاةَ لِمَنْ لَمْ يَقْرَأْ بفَاتِحَةِ الكِتَابِ).

စူရဟ် ဖာသိဟဟ် မရွတ်ဖတ်သူ၏ ဆွလာသ်သည် အထမမြောက်ပေ။6 ထို့နောက် “အာမီးန်”ကို အသံထွက်ရွတ်ဖတ်ရသော ဆွလာသ်များတွင် အသံထွက်၍လည်းကောင်း၊ အသံတိတ်ရွတ်ဖတ်ရသော ဆွလာသ်များတွင် အသံတိတ်၍လည်းကောင်း ရွတ်ဆိုရမည်။

ထို့နောက် ကျမ်းမြတ်ကုရ်အာန်မှ မိမိအတွက်လွယ်ကူသည့် စူရဟ်ကို ရွတ်ဆိုရမည်။ ဖာသိဟဟ်ဖတ်ပြီးနောက် ရွတ်ဖတ်ရန် အကောင်းဆုံးမှာ ဇုဟုရ်၊ အစွရ်နှင့် အိရှာအ် ဆွလာသ်များတွင် အလယ်အလတ်ရှိသော မုဖဆွလ်စူရဟ်များကို ရွတ်ဖတ်ရန်ဖြစ်သည်။ ဖဂ်ျရ်ဆွလာသ်တွင် ရှည် လျားသော မုဖဆွလ်စူရဟ်များကို ရွတ် ဖတ်ရန်ဖြစ်သည်။ မဂ်ရိဗ်ဆွလာသ်တွင် တစ်ခါတစ်ရံ ရှည်လျားသောစူရဟ်များကို လည်းကောင်း၊ တစ်ခါတစ်ရံ တို တောင်းသောစူရဟ်များကို လည်းကောင်း ရွတ်ဖတ်ရန်ဖြစ်သည်။ ဤသည်မှာ ယင်းနှင့်ပတ်သက်၍ လာရှိထားသော ဟဒီးဆ်တော်များနှင့်အညီ ကျင့်ဆောင်ခြင်းဖြစ်သည်။

(၇) (اَللّٰهُ أَكْبَر)ဆိုပြီး လက်နှစ်ဖက်ကို ပခုံး (သို့မဟုတ်) နားရွက်နှင့်တစ်တန်းတည်း မြှောက်ကာ ရုကူအ် ပြုရမည်။ ဦခေါင်းကို ကျောနှင့်တစ်ပြေးတည်းထားရမည်။ လက် ချောင်းများကို ချဲထားကာ လက်နှစ်ဖက်ဖြင့် ဒူးခေါင်းကို ဆုပ်ကိုင်ထားရမည်။ ရုကူအ်ပြုရာတွင် ငြိမ်သက်စွာရှိရမည်။ ထို့နောက် ရုကူအ်ပြုနေစဉ် “ سُبْحَانَ رَبِيَّ الْعَظِيْم ” ဟု ရွတ်ဆိုရမည်။ အဓိပ္ပါယ် - (ကျွန်တော်မျိုး၏ ကြီးကျယ်မြင့်မြတ်လှသောအရှင်မြတ်သည် ချွတ်ယွင်းချက်အပေါင်းမှ ကင်းစင်တော်မူကြောင်း မြွက်ဟနေပါ၏။) ၎င်းကို သုံးကြိမ် (သို့မ ဟုတ်) ထိုထက်ပို၍ ရွတ်ဆိုခြင်းက ပို၍ ကောင်းမြတ်သည်။ ၎င်းအပြင် အောက်ပါအတိုင်း တွဲဖက်ရွတ်ဆိုခြင်းသည် နှစ်သက်ဖွယ်ရာ ဖြစ်သည်။

(‌سُبْحَانَكَ ‌اللَّهُمَّ ‌وَبِحَمْدِكَ، ‌اللهُمَّ ‌اغْفِرْ ‌لِي).

(အို အလ္လာဟ်အရှင်မြတ်၊ အသင်အရှင်မြတ်သည် ချွတ်ယွင်းချက်အပေါင်းမှ ကင်းစင်တော်မူပါသည်။ အသင်အရှင်မြတ်သည်သာလျှင် ချီးမွမ်းခြင်းကို ခံထိုက်တော်မူသောအရှင်ဖြစ်တော်မူ၏။ အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးအား အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူပါ။)7

(၈) ရုကူအ်မှ ဦးခေါင်းကို မော့ကာ လက်နှစ်ဖက်ကို ပခုံး (သို့မဟုတ်) နားရွက်နှစ်ဖက်နှင့်တစ်တန်းတည်း မြှောက်၍ ဤသို့ ရွတ်ဆိုရမည် - (ချီးမွမ်းပြုသူ၏ ချီးမွမ်းခြင်းကို အလ္လာဟ်အရှင်မြတ်လက်ခံတော်မူပါ။) ဦးဆောင်ဝတ်ပြုသူဖြစ်စေ (သို့)တစ် ကိုယ်တည်းဝတ်ပြုသူဖြစ်စေ၊ မတ်တတ် ရပ်နေစဥ် ဤသို့ရွတ်ဆိုရမည် -

(رَبَّنَا ولَكَ الحَمْدُ حَمْدًا كَثِيرًا طَيِّبًا مُبَارَكًا فِيهِ مِلْءَ السَّمَواتِ ومِلْءَ الأَرضِ، ومِلْءَ ما شِئتَ مِن شَيءٍ بَعدُ).

(အို - ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေး မြူတော်မူသောအရှင်၊ ဗရကသ်မင်္ဂလာရှိတော်မူ၍ သန့်ရှင်းစင်ကြယ်သော ချီးမွမ်းခြင်းအပေါင်းသည် အသင်အရှင်မြတ်အဖို့သာ ဖြစ်ပါ၏။ အရှင်မြတ်သည် မိုးကောင်းကင်နှင့်အမျှဖြစ်သော၊ မြေပထဝီနှင့်အမျှဖြစ်သော အရှင်မြတ်အလိုရှိတော်မူသည့် နယ်ပယ်အမျှဖြစ်သော ချီးမွမ်းခြင်းအပေါင်းကို ခံယူထိုက်တော်မူသော အရှင်ဖြစ်တော်မူသည်။)8.

သို့သော် နောက်လိုက်အဖြစ် ဝတ်ပြုသူဖြစ်ပါက ပြန်မြှောက်သည့်အခါတွင် “رَبَّنَا وَلَكَ الحَمْدُ” ကို အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အဆုံးအထိ ဆိုရမည်။ ၎င်းတို့တစ်ဦးချင်းစီ -ဆိုလိုသည်မှာ ဦးဆောင်၍ ဝတ်ပြုသူ ၊ နောက်လိုက်အဖြစ် ဝတ်ပြုသူနှင့် တစ်ဦးတည်းဝတ်ပြုသူတို့သည်- အပိုထပ်မံ၍ ဆိုပါက

َهْلَ الثَّنَاءِ وَالْمجْدِ، أَحَقُّ مَا قَالَ العَبْدُ، وكُلُّنَا لَكَ عَبْدٌ: اللَّهُمَّ لَا مَانِعَ لِمَا أَعْطَيْتَ، ولَا مُعْطِيَ لِمَا مَنَعْتَ، ولَا يَنْفَعُ ذَا الجَدِّ مِنْكَ الجَدُّ).

(အို- ချီးမွမ်းပြုခြင်းနှင့် ဘုန်းတန်ခိုးကြီးမြတ်ခြင်းတို့နှင့် ထိုက်တန်တော်မူသောအရှင်၊ ကျွန်တော်မျိုးတို့အားလုံးသည် အရှင်မြတ်၏ ကျွန်များသာဖြစ်ကြပါသည်။ ကျွန်တော်မျိုး ဆိုခဲ့သည့် အမှန်ကန်ဆုံးသောစကားမှာ- အို အလ္လာဟ်အရှင်မြတ် အရှင်မြတ်ပေးကမ်းချီးမြှင့်တော်မူသောအရာကို တားဆီးပိတ်ပင်နိုင်သူမရှိပါ။ အရှင်မြတ် တားဆီးပိတ်ပင်ထားသော အရာကိုလည်း ပေးကမ်းချီး မြှင့်နိုင်သူမရှိပါ။ ဥစ္စာဓနသည် ဥစ္စာဓနရှင်အား အရှင်မြတ်၏အလိုတော်နှင့်ဆန့်ကျင်၍ အကျိုးမပြုနိုင်ပါ။)9 ထို့ကြောင့် ထိုကိစ္စသည် ၎င်းထံမှ အ တည်ပြုထားသည့်အတွက် ကောင်းမွန်ပေသည်။

၎င်းတို့တစ်ဦးစီတိုင်း -ကျွန်ုပ်ဆိုလိုသည်မှာ ဦးဆောင်၍ဝတ်ပြုသူ၊ နောက်လိုက်အဖြစ် ဝတ်ပြုသူ နှင့် တစ်ဦးတည်းဝတ်ပြုသူတို့- သည် ရူကူအ် မသွားမီ ကိယာမ်ရပ်သည့်အချိန်တွင် ပြုလုပ်ခဲ့သည့်အတိုင်း မိမိတို့၏လက်များကို ရင်ဘတ်ပေါ်တွင် တင်ထားရန် မွစ်သဟဗ်ဖြစ် သည်။ ဤသို့ပြုလုပ်ရခြင်းမှာ ဝါအိလ် ဗင်န် ဟုဂျ်ရ် နှင့် စဟ်လ် ဗင်န် စအ်ဒ် (ရဿွိယလ္လာဟုအန်ဟုမာ) တို့မှ ဆင့်ပြန်ထားသည့် ဟဒီးဆ် ဩဝါဒတော်များတွင် တမန်တော်မြတ် ﷺ ထံမှ ဤအချက်ကို ညွှန်ပြသည့် အထောက်အထား ခိုင်လုံစွာ လာရှိထားသောကြောင့်ဖြစ်သည်။

(၉) “ ُاَللّٰهُ أَكْبَر ”ရွတ်ဆိုကာ စဂ်ျဒဟ်ဦးချရမည်။ မိမိအတွက် လွယ်ကူပါက လက်နှစ်ဘက်မချမီ ဒူးနှစ်ဘက်ကို အရင်ချရမည်။ အကယ်၍ ခက်ခဲပါက ဒူးနှစ်ဘက်မချမီ လက်နှစ်ဘက်ကို အရင်ချနိုင် သည်။ ခြေချောင်းများနှင့် လက်ချောင်းများအားလုံးကို ကိဗ်လဟ်ဘက်သို့ လှည့်ထားရမည်ဖြစ်ပြီး လက်ချောင်းများကို စေ့ထားကာ ဆန့်တန်းထားရမည်။ စဂ်ျဒဟ်အား နဖူးနှင့် နှာခေါင်း၊ လက်နှစ်ဘက်၊ ဒူးနှစ်ဘက်၊ ခြေချောင်းများ၏ အတွင်းပိုင်း စသည့်အစိတ်အပိုင်း ခုနစ်ခုဖြင့် ပြုလုပ်ရမည်။ ထို့နောက် “စွဗ်ဟာနရဗ္ဗိယလ်အအ်လာ” ဟုရွတ်ဆိုရမည်။ ၎င်းအား သုံးကြိမ် သို့မဟုတ် ထို့ထက်ပို၍ ရွတ်ဆိုခြင်းသည် စွန္နသ်ဖြစ်သည်။ ထို့အပြင် ၎င်းနှင့်အတူ အောက်ပါအတိုင်း ရွတ်ဆိုခြင်းသည် မွတ်စ်သဟဗ် ဖြစ်သည်-

(سُبْحانَكَ اللَّهُمَّ رَبَّنا وبِحَمْدِكَ، اللَّهُمَّ اغْفِرْ لِي).

"(စွဗ်ဟာနကလ္လာဟွမ္မ ရဗ္ဗနာ ဝဗိဟမ်ဒိက၊ အလ္လာဟွမ်မဂ်ဖိရ်လီ)

အို အလ္လာဟ်အရှင်မြတ်၊ အသင်အရှင်မြတ်သည် ချို့တဲ့ခြင်းအပေါင်းမှ သန့် ရှင်းစင်ကြယ်တော်မူပါသည်။ အို - ကျွန် တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ချီးမွမ်းခြင်းဟူသမျှသည် အသင်အရှင်မြတ်နှင့်သာ ထိုက်တန်တော်မူသည်။ အို - အလ္လာဟ်အရှင်မြတ် ကျွန် တော်မျိုးအား အပြစ်များမှ လွတ်ငြိမ်း ချမ်းသာခွင့် ပေးသနားတော်မူပါ။" ဆုတောင်းဒုအာများကို အများအပြား ပြု လုပ်ရမည်၊ အကြောင်းမှာ တမန်တော်မြတ် (ﷺ) မိန့်တော်မူသည်မှာ-

(‌أَمَّا ‌الرُّكُوعُ، ‌فَعَظِّمُوا ‌فِيهِ ‌الرَّبَّ، وَأَمَّا السُّجُودُ، فَاجْتَهِدُوا فِي الدُّعَاءِ، فَقَمِنٌ أَنْ يُسْتَجَابَ لَكُمْ).

(ရုကူဦးညွတ်ရာတွင် မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်အား ကြီးကြယ်ထွတ်မြတ်ကြောင်းမြွတ်ဟပါလေ။ ၎င်းပြင်စဂ်ျဒဟ်ဦးချရာတွင် တတ်နိုင်သမျှကြိုးစားပြီးဆုတောင်းပါလေ။ အသင်တို့အဖို့ ထိုတောင်းဆုမှာ ပို၍လက်ခံနိုင်ခြေရှိသည်။)10.

ထို့ပြင် လောကီနှင့် နောင်တမလွန် အာခိရသ်၏ ကောင်းကျိုးများကို အရှင်မြတ်ထံ တောင်းခံရမည်၊ ဆွလာသ်သည် ဖရ်ဿ်ဖြစ်စေ၊ နဖိလ်ဖြစ်စေ ဝတ်ပြုရာတွင် မိမိ၏ လက်မောင်းနှစ်ဖက်ကို ခန္ဓာကိုယ်နံဘေးမှ လည်းကောင်း၊ ဝမ်းဗိုက်ကို ပေါင်နှစ်ဖက်မှ လည်းကောင်း၊ ပေါင်နှစ်ဖက်ကို ခြေသလုံးနှစ်ဖက်မှ လည်းကောင်း ခွာထားရမည်။ ထို့ပြင် မိမိ၏ လက်ဖျံနှစ်ဖက်ကို မြေပြင်မှ ကြွထားရမည်။ အကြောင်းမှာ တမန်တော်မြတ် ﷺ က ဤသို့ မိန့်ကြားတော်မူသောကြောင့်ဖြစ်သည်။ -

(اعْتَدِلُوا في السُّجُودِ، ولَا يَبْسُطْ أَحَدُكُمْ ذِرَاعَيْهِ انْبِسَاطَ الكَلْبِ).

"(အသင်တို့သည် စဂျ်ဒဟ်ဦးချရာတွင် ဖြောင့်မတ်မှန်ကန်စွာ ပြုကြပါလေ။ ၎င်းပြင် အသင်တို့အနက် မည်သူမျှ မိမိ၏လက်ဖျံနှစ်ခုကို ခွေးဆန့်တန်းသကဲ့သို့ မြေကြီးပေါ်တွင် ဆန့်တန်း၍ မထားလေနှင့်။)”.11

(၁၀) သက္ကဗီရ်ဆိုကာ ဦးခေါင်းကို မရမည်။ ညာခြေကို ထောင်ထားပြီး ဘယ်ခြေကို ခင်းကာထိုအပေါ်ထိုင်ရမည်။ ညာလက်ကို ညာဘက်ပေါင်အဖျား ဒူးခေါင်းနားတွင်လည်းကောင်း၊ ဘယ်လက်ကို ဘယ်ဘက်ပေါင်အဖျား ဒူးခေါင်းနားတွင်လည်းကောင်း ထားရမည်။ ထို့နောက် အောက်ပါအတိုင်း ဖတ်ရမည် -

(رَبِّ اغْفِرْ لِي وَارْحَمْنِي وَاهْدِنِي وَارْزُقْنِي وَعَافِنِي وَاجْبُرْنِي).

(အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ၊ ကရုဏာပြုတော်မူပါ၊ လမ်းမှန်တရားချီးမြှင့်တော်မူပါ၊ စားနပ်ရိက္ခာချီးမြှင့်တော်မူပါ၊ ငြိမ်းချမ်းမှုအဖြာဖြာ ချီးမြှင့်တော်မူပါ၊ ကျွန်တော်မျိုး၏ လျော့နည်းချက်ကို ဖြည့်ဆည်းပေးတော်မူပါ။)12. ဤထိုင်ခြင်းတွင် ငြိမ်သက်စွာနေရမည်။

(၁၁) သက္ကဗီရ်ရွတ်ဆိုကာ ဒုတိယအကြိမ် စဂ်ျဒဟ်ကိုပြုရမည်။ ပထမစဂ်ျဒဟ်တွင် ပြုလုပ်ခဲ့သည့်အတိုင်း ဒုတိယစဂ်ျဒဟ်တွင်လည်း ဆောင်ရွက်ရမည်။

(၁၂) ‘اَللّٰهُ أَكْبَر’ ရွတ်ဆိုကာ ဦးခေါင်းကိုမော့၍ စဂ်ျဒဟ်နှစ်ခုကြားတွင် ထိုင်သည့်အတိုင်း ခေတ္တမျှထိုင်ရမည်။ ၎င်းကို ဂျလ်စသုလ်အစ်(စ်)သိရာဟဟ် (အနားယူရန်ထိုင်ခြင်း) ဟုခေါ်သည်။ ၎င်းသည် မွတ်စ်သဟဗ်ဖြစ်သည်။ အကယ်၍ မထိုင်ဘဲထားခဲ့ပါကလည်း အပြစ်မရှိပေ။ ၎င်းတွင် ရွတ်ဖတ်ရန် ဇိကိရ်နှင့် ဒုအာမရှိပေ။ ထို့နောက် ဒုတိယရကအသ်သို့ ပြန်ထ၍ မတ်တတ်ရပ်ရမည်။ ထိုသို့ထရာတွင် မိမိအတွက် လွယ်ကူပါက ဒူးနှစ်ဖက်ကို အားပြု၍ ထရမည်။ အကယ်၍ ခက်ခဲပါက ကြမ်းပြင်ကို အားပြု၍ ထရမည်။ ၎င်းနောက် စူရဟ်ဖာသိဟဟ်ကို ရွတ်ဖတ်ရမည်။ စူရဟ်ဖာသိဟဟ်ပြီးနောက် ကုရ်အာန်ကျမ်းမြတ်မှ မိမိအတွက်လွယ်ကူရာကို ဆက်လက်ရွတ်ဖတ်ရမည်။ ထို့နောက် ပထမ ရကအသ်တွင် ပြုလုပ်ခဲ့သည့်အတိုင်း ဆောင်ရွက်ရမည်။

(၁၃) အကယ်၍ ဆွလားသ်သည် ဖဂျရ်၊ ဂျွမ်အဟ်နှင့် အီးဒ်ဆွလားသ်များကဲ့သို့ နှစ်ရကအသ်ပါသော ဆွလားသ်ဖြစ်ပါက၊ ဒုတိယစဂ်ျဒဟ်မှထပြီးနောက် ဘယ်ဘက်ခြေထောက်အားဖြန့်ထားပြီး၊ ၎င်းပေါ်တွင်ထိုင်ကာ ညာဘက်ခြေထောက်အား ထောင်ထားရမည်။ ညာဘက်လက်ကို ညာဘက်ပေါင်ပေါ်တွင် တင်ထားကာ လက်ညှိုးမှလွဲ၍ ကျန်လက်ချောင်းများအားလုံးကို ဆုပ်ထားပြီး ၎င်းလက်ညှိုးဖြင့် သောင်ဟီးဒ်ကို ညွှန်ပြရမည်။ အကယ်၍ ညာဘက်လက်၏ လက်သူကြွယ်နှင့် လက်သန်းကို ဆုပ်ထားပြီး လက်မနှင့် လက်ခလယ်ကို အကွင်းပုံစံ ဝိုင်းထားကာ လက်ညှိုးဖြင့် ညွှန်ပြပါကလည်း ကောင်းမွန်ပေသည်။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ် ﷺ ထံတော်မှ ဤပုံစံနှစ်မျိုးစလုံး အတည်ပြု လာရှိထားသော ကြောင့်ဖြစ်သည်။ ပိုမိုမြတ်သောအရာမှာ တစ်ခါ တစ်ရံ ဤပုံစံ၊ တစ်ခါတစ်ရံ အခြားပုံစံဖြင့် ပြုလုပ်ခြင်းဖြစ်သည်။ ထို့ပြင် ဘယ်ဘက်လက်ကို ဘယ်ဘက်ပေါင်နှင့် ဒူးပေါ်တွင် တင်ထားရမည်။ ထို့နောက် ဤသို့ထိုင်နေစဉ် သရှဟ်ဟုဒ်ကို ဖတ်ရမည်။ ၎င်းမှာ အောက်ပါအတိုင်းဖြစ်သည်-

(التَّحِيَّاتُ للهِ وَالصَّلَوَاتُ وَالطَّيِّبَاتُ، السَّلَامُ عَلَيْكَ أيُّهَا النَّبِيُّ وَرَحْمَةُ اللهِ وَبَرَكَاتُهُ، السَّلَامُ عَلَيْنَا وَعَلَى عِبَادِ الله الصَّالِحِينَ، أَشْهَدُ أنْ لَا إلَهَ إلَّا اللهُ وَأَشْهَدُ أنَّ مُحَمَّدًا عَبْدُهُ ورَسولُهُ).

“အသ်သဟိယ္ယာသုလိလ္လာဟိ ဝတ်ဆ်ဆွလဝါးသု ဝသ်သွိုင်ယိဘားသု အတ်စ်စလာမုအလိုင်းက အိုက်ယုဟန်နဘိယ္ယုဝရဟ်မသုလ်လာဟိ ဝဗရကားသုဟူ အတ်စ်စလားမုအလိုင်းနာ ဝအလာ အိဗာဒိလ္လာဟိဆ်ဆွာလိဟီးန် အရှ်ဟဒုအန်လာအိလားဟအိလ်လလ္လာဟု ဝအရှ်ဟဒုအန်နမုဟမ္မဒန် အဗ်ဒုဟူဝရစူလုဟ်”

အဓိပ္ပါယ် - နှုတ်မှရွတ်ဆိုရသော ချီးမွမ်းခြင်းများသည်လည်းကောင်း၊ ကိုယ်ခန္ဓာဖြင့်ပြုသော ခဝပ်မှုများသည်လည်းကောင်း၊သန့်စင်သော စိတ်စေတနာနှင့်ပြုသော ကောင်းမှုများသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အဖို့သာလျှင် ဖြစ်တော်မူပါ၏။ ငြိမ်း ချမ်းသာယာခြင်းအပေါင်းနှင့် အရှင်မြတ်၏ ရဟ်မသ်ကရုဏာတော်အပေါင်းသည်လည်းကောင်း၊ ထိုအရှင်မြတ်၏ ဗရ်ကသ်ချီးမြှင့်ခြင်းများသည်လည်းကောင်း၊ နဗီတမန်တော်မြတ်ﷺ အပေါ်သို့ သက်ရောက်ပါစေ။ ထိုငြိမ်းချမ်းသာယာခြင်းအပေါင်းသည် ကျွန်တော်မျိုးတို့အပေါ်လည်း သက်ရောက်ပါစေ။ အရှင်မြတ်၏ ကျွန်များဖြစ်သော သူတော်စင်သူတော်ကောင်းတို့အပေါ်လည်း သက်ရောက်ပါစေ။ ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ထိုက်သောအရှင် မရှိကြောင်း သက်သေခံအပ်ပါသည်။ မုဟမ္မဒ်(ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အရှင်မြတ်၏ အစေတော်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်း ကျွန်တော်မျိုး သက်သေခံပါသည်။ ထို့နောက် အောက်ပါအတိုင်း ရွတ်ဆိုရမည်။

(اللَّهُمَّ صَلِّ علَى مُحَمَّدٍ وَعَلَى آلِ مُحَمَّدٍ، كَمَا صَلَّيْتَ عَلَى إبْرَاهِيمَ وَعَلَى آلِ إبْرَاهِيمَ؛ إنَّكَ حَمِيدٌ مَجِيدٌ، وَبَارِكْ علَى مُحَمَّدٍ وَعَلَى آلِ مُحَمَّدٍ، كَمَا بَارَكْتَ علَى إبْرَاهِيمَ وعلَى آلِ إبْرَاهِيمَ؛ إنَّكَ حَمِيدٌ مَجِيدٌ).

(အလ္လာဟုမ္မဆွလ္လိ အလာမုဟမ္မဒ် ဝအလာအားလိမုဟမ္မဒ် ကမာဆွလ်လိုင်းသ အလာအိဗ်ရာဟီးမ် ဝအလာအားလိအိဗ်ရာဟီးမ် အင်န်နကဟမီးဒုမ်မဂျီးဒ်၊ ဝဗာရိက် အလာမုဟမ္မဒ် ဝအလာအားလိမုဟမ္မဒ် ကမာဗားရက်သ အလာအိဗ်ရာဟီးမ် ဝအလာအားလိအိဗ်ရာဟီးမ် အင်န်နကဟမီးဒုမ်မဂျီးဒ်).

 

အဓိပ္ပါယ်။ ။ အို-အလ္လာဟ်အရှင်မြတ်၊ တမန်တော်မြတ်မုဟမ္မဒ်(ﷺ)နှင့်မုဟမ္မဒ်(ﷺ)၏ ကြင်ရာတော်များ၊ သားမြေးများအပေါ်သို့ ရဟ်မသ်ကရုဏာတော်အပေါင်းကို တမန်တော်အိဗ်ရာဟီးမ် (عَلَيْهِ السَّلَامُ)နှင့် အိဗ်ရာဟီးမ်(عَلَيْهِ السَّلَامُ)၏ သားမြေးများအပေါ် ချီးမြှင့်တော်မူသကဲ့သို့ ချီးမြှင့်တော်မူပါ။ ဧကန်စင်စစ် အသင်အရှင်မြတ်သည် ချီးမွမ်းခြင်းအပေါင်းကို ခံထိုက်တော်မူသော ခပ်သိမ်းကုန်သောဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူ၏။ ထိုမှတပါး တမန်တော်မြတ်မုဟမ္မဒ်(ﷺ)နှင့်မုဟမ္မဒ်(ﷺ)၏ ကြင်ရာတော်များ၊ သားမြေးများအပေါ်သို့ ဗရ်ကသ်ကောင်းချီးမင်္ဂလာအပေါင်းကို တမန်တော်အိဗ်ရာဟီးမ် (عَلَيْهِ السَّلَامُ)နှင့် အိဗ်ရာဟီးမ်(عَلَيْهِ السَّلَامُ)၏ သားမြေးများအပေါ် ချီးမြှင့်တော်မူသကဲ့သို့ ချီးမြှင့်တော်မူပါ။ ဧကန်စင်စစ် အသင်အရှင်မြတ်သည် ချီးမွမ်းခြင်းအပေါင်းကို ခံထိုက်တော်မူသော ခပ်သိမ်းကုန်သောဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူ၏။13

အရာလေးမျိုးမှ အလ္လာဟ်အရှင်မြတ် ထံတော်၌ ခိုလှုံမှုရယူရန် ဤသို့ ဆိုရမည်။

(اللَّهُمَّ إنِّي أَعُوذُ بِكَ مِن عَذَابِ جَهَنَّمَ، وَمِنْ عَذَابِ القَبْرِ، وَمِنْ فِتْنَةِ المَحْيَا وَالْمَمَاتِ، وَمِنْ شَرِّ فِتْنَةِ المَسِيحِ الدَّجَّالِ).

(အို - အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် ဂျဟန္နမ်၏ ပြစ်ဒဏ်မှလည်းကောင်း၊ ကဗရ်သင်္ချိုင်း၏ ပြစ်ဒဏ်မှလည်းကောင်း၊ အသက်ရှင်နေစဉ် ကြုံတွေ့ရမည့် ဘေးအန္တရာယ်များနှင့် သေခြင်း၌ ကြုံတွေ့ရမည့် ဘေးအန္တရာယ်များမှလည်းကောင်း၊ ဒဂ်ျဂျာလ်၏ အန္တရာယ်မှလည်းကောင်း ကင်း ဝေးရန် အရှင်မြတ်ထံတော်ပါး၌ ခိုလှုံပါ၏။)14

ထို့နောက် မိမိအလိုရှိရာ လောကနှင့် နောင်တမလွန်နှစ်ဌာစလုံး၏ ကောင်းကျိုးများကို ဒုအာတောင်းခံရမည်။ ယင်းဆွလာသ်သည် ဖရ်ဇ်ဆွလာသ်ဖြစ်စေ၊ နဖိလ်ဆွလာသ်ဖြစ်စေ (ထိုဆွလာသ်များတွင်) မိမိ၏ မိဘနှစ်ပါးအတွက်ဖြစ်စေ၊ အခြားသော မွတ်စ်လင်မ်များအတွက်ဖြစ်စေ ဒုအာဆုတောင်းပေးလျှင်လည်း အ ပြစ်မရှိပေ။ အကြောင်းမူကား တမန်တော်မြတ်ﷺ သည် အိဗ်နုမတ်စ်အူဒ် (ရဿွိယလ္လာဟုအန်ဟု) အား သရှဟ်ဟုဒ် သင်ကြားပေးချိန်၌ မိန့်ကြားတော်မူခဲ့သော ဟဒီးဆ်တော်၏ ယေဘုယျကျသောမိန့်ဆိုချက်ဖြစ်သည်။

(ثُمَّ ‌لِيَتَخَيَّرْ ‌مِنَ ‌الدُّعَاءِ بَعْدُ أَعْجَبَهُ إِلَيْهِ فَيَدْعُو).

(ထို့နောက် မိမိကြိုက်နှစ်သက်ရာ ဒုအာကို ရွေးချယ်တောင်းခံရမည်။)။15 အခြားစကားရပ်တစ်ရပ်တွင် လာရှိသည်မှာ -

(‌ثُمَّ ‌لِيَخْتَرْ ‌مِنَ ‌الْمَسْأَلَةِ ‌مَا ‌شَاءَ).

(ထို့နောက် မိမိကြိုက်နှစ်သက်ရာ ဆုမွန်ဒုအာကို ရွေးချယ်တောင်းဆိုရမည်)။16

ဤသည်မှာ လူသားတစ်ဦးအတွက် လောကနှင့် နောင်တမလွန်ပါ အကျိုးပြုမည့်အရာအားလုံးကို လွှမ်းခြုံပါဝင်သည်။ ထို့နောက် ‘

اَلسَّلَامُ عَلَيْكُمْ وَرَحْمَةُ اللّٰهِ ‘ ’ اَلسَّلَامُ عَلَيْكُمْ وَرَحْمَةُ اللّٰهِ ’ဆိုကာ ညာဘက်နှင့် ဘယ်ဘက်သို့ စလာမ်လှည့်ရမည်။

(၁၄) အကယ်၍ ဆွလာသ်သည် မဂ်ရိဗ်ကဲ့သို့ သုံးရကအသ် သို့မဟုတ် ဇုဟုရ်၊ အဆွရ်နှင့် အိရှာကဲ့သို့ လေးရကအသ်ဖြစ်ပါက အထက်တွင်ဖော်ပြခဲ့သော သရှဟ်ဟုဒ်ကို ဖတ်ပြီးနောက် တမန်တော်မြတ် ﷺ အပေါ်သို့ ဆွလာသ်ပို့သရမည်။ ထို့နောက် မိမိ၏ဒူးနှစ်ဖက်ကို အားပြု၍ မတ်တပ်ပြန်ရပ်ရမည်။ မိမိ၏လက်နှစ်ဖက်ကို ပခုံး သို့မဟုတ် နားရွက်အထိမြှောက်၍ 'အလ္လာဟုအက္ကဗရ်' ဟုဆိုရမည်။ ပြီးနောက် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း မိမိ၏လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် တင်ထားရမည်။ ထို့နောက် စူရဟ် ဖာသိဟဟ် တစ်ခုတည်းကိုသာ ဖတ်ရမည်။ အကယ်၍ ဇုဟုရ် ဆွလားသ်၏ တတိယနှင့် စတုတ္ထ ရကအသ်များတွင် တစ်ခါတစ်ရံ စူရဟ် ဖာသိဟဟ် အပြင် အခြားစူရဟ်ကိုပါ ပို၍ဖတ်ပါကလည်း အပြစ်မရှိပေ။ အဘယ်ကြောင့်ဆိုသော် အဗူစအီးဒ် ( ရသွိယလ္လာဟု အန်ဟု )ထံမှ ဆင့်ပြန်ထားသော ဟဒီးဆ်တော်အရ တမန်တော်မြတ် ﷺ ထံမှ ထိုသို့ပြုလုပ်ခဲ့ကြောင်း မှန်ကန်စွာ လာရှိထားသောကြောင့်ဖြစ်သည်။ အကယ်၍ ပထမ သရှဟ်ဟုဒ်အပြီးတွင် တမန်တော်မြတ် ﷺ အပေါ်သို့ ဆွလားသ်ပို့သခြင်းကို ချန်ထားခဲ့ပါကလည်း ပြဿနာမရှိပေ။ အဘယ်ကြောင့်ဆိုသော် ပထမ သရှဟ်ဟုဒ်တွင် ထိုသို့ပြုလုပ်ခြင်းသည် အကြံပြုတိုက်တွန်းထားသည့်အရာ (မွတ်စ်သဟဗ်) သာဖြစ်ပြီး မဖြစ်မနေပြုလုပ်ရမည့် (ဝါဂျိဗ်) မဟုတ်သောကြောင့်ဖြစ်သည်။ ထို့နောက် နှစ်ရကအသ်ပါသော ဆွလားသ်များတွင် အထက်ကဖော်ပြခဲ့သည့်အတိုင်း မဂ်ရိဗ် ဆွလာသ်၏ တတိယ ရကအသ်အပြီးနှင့် ဇုဟုရ်၊ အဆွရ်နှင့် အိရှာ ဆွလာသ်တို့၏ စတုတ္ထ ရကအသ်အပြီးတို့တွင် သရှဟ်ဟုဒ် ဖတ်ရမည်။ ထို့နောက် မိမိ၏ ညာဘက်နှင့် ဘယ်ဘက်သို့ စလာမ်လှည့်ရမည်။ ပြီးနောက် အလ္လာဟ်အရှင်မြတ်ထံတော်တွင် သုံးကြိမ် ခွင့်လွှတ်ပါရန် တောင်းခံပြီး အောက်ပါအတိုင်း ရွတ်ဖတ်ရမည် -

(اللَّهُمَّ أَنْتَ السَّلَامُ وَمِنْكَ السَّلَامُ، تَبَارَكْتَ يا ذَا الجَلَالِ وَالإِكْرَامِ).

(အို အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် ငြိမ်းချမ်းမှုဖြစ်တော်မူပါ၏၊ ငြိမ်းချမ်းမှုသည် အရှင်မြတ်ထံမှသ ဖြစ်ပါ၏၊ အို-ဘုန်းကျက်သရေနှင့် ဂုဏ်အသရေကို ပိုင်စိုးတော်မူသောအရှင်၊ အရှင်မြတ်သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူပါ၏။).17 အကယ်၍ ဦးဆောင်၍ ဝတ်ပြုသူဖြစ်ပါကလူတို့ဘက်သို့ ပြန်မလှည့်မီ၊ ထို့နောက် ဤသို့ ဆိုရမည်။

َا إلَهَ إلَّا اللهُ وَحْدَهُ لَا شَرِيكَ لَه، لَهُ المُلْكُ، ولَهُ الحَمْدُ، وَهُوَ عَلَى كُلِّ شَيءٍ قَدِيرٌ، لَا حَوْلَ وَلَا قُوَّةَ إلَّا بالله، اللَّهُمَّ لَا مَانِعَ لِمَا أعْطَيْتَ، ولَا مُعْطِيَ لِمَا مَنَعْتَ، وَلَا يَنْفَعُ ذَا الجَدِّ مِنْكَ الجَدُّ، لَا إلَهَ إلَّا الله، وَلَا نَعْبُدُ إلَّا إيَّاهُ، لَهُ النِّعْمَةُ وَلَهُ الفَضْلُ، وَلَهُ الثَّنَاءُ الحَسَنُ، لَا إلَهَ إلَّا الله مُخْلِصِينَ لَهُ الدِّينَ وَلَو كَرِهَ الكَافِرُونَ).

အဓိပ္ပါယ်- တုဖက်ယှဉ်ဖက်မရှိဘဲ တစ်ပါးတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ထိုက်သောအရှင်ဟူ၍ အလျဉ်းမရှိ၊ စိုးပိုင်မှုဟူသမျှသည် ထိုအရှင်မြတ်အဖို့သာဖြစ်တော်မူ၏။ ချီးမွမ်းခြင်းအပေါင်းတို့သည်လည်း ထိုအရှင်မြတ်အဖို့သာဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းကိုစွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။ မကောင်းမှုမှ ရှောင်ကြဉ်နိုင်ခြင်းနှင့်ကောင်းမှုများ ကျင့်ဆောင်နိုင်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ စွမ်းအားပေးသနားတော်မူခြင်းကြောင့်သာ ဖြစ်သည်။ အို အလ္လာဟ်အရှင်မြတ် အရှင်မြတ်ပေးကမ်းချီးမြှင့်တော်မူသောအရာကို တားဆီးပိတ်ပင်နိုင်သူမရှိပါ။ အရှင်မြတ် တားဆီးပိတ်ပင်ထားသော အရာကိုလည်း ပေးကမ်းချီးမြှင့်နိုင်သူမရှိပါ။ ဥစ္စာဓနသည် ဥစ္စာဓနရှင်အား အရှင်မြတ်၏အလိုတော်နှင့်ဆန့်ကျင်၍ အကျိုးမပြုနိုင်ပါ။ အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်း ခံထိုက်သည့်အရှင်ဟူ၍အလျင်းမရှိ။ ၄င်းအပြင် ကျွန်တော်မျိုးတို့သည် ထိုအရှင်မြတ်ကိုတစ်ပါးတည်းမှအပ အခြားတစ်စုံတစ်ရာကို ခဝပ်ကိုးကွယ်ကြသူများ မဟုတ်ပါ။ နိအ်မသ် စည်းစိမ်အပေါင်းနှင့် ကျေးဇူးတရားအဖြာဖြာတို့သည် ထိုအရှင်မြတ်ထံတော်ပါးမှသာလျှင် ဖြစ်တော်မူသည်။ ချီးမွမ်းပြုခြင်းဟူသမျှသည် ထိုအရှင်မြတ်အဖို့သာဖြစ်၏။ အလ္လာဟ်အရှင်မြတ်မှအပ မှန်ကန်သည့် ကိုးကွယ်ရာအရှင်ဟူ၍အလျင်းမရှိ။ ငြင်းပယ်သူများ မနှစ်သက်ကြစေကာမူ ကျွန်တော်မျိုးတို့သည် သာသနာကို ထိုအရှင်မြတ်အတွက်သာ သန့်စင်စွာထားရှိကြသည်။)18.

၎င်းသည် အလ္လာဟ်အရှင်မြတ်အား 'စွဗ်ဟာနလ္လာဟ်' (၃၃)ကြိမ်၊ ထိုနည်းတူ 'အလ်ဟမ်ဒုလိလ္လာဟ်' (၃၃)ကြိမ် နှင့် ထိုနည်းတူ 'အလ္လာဟုအက်ဗရ်' (၃၃)ကြိမ် ရွတ်ဆိုရမည်။ ထို့နောက် တစ်ရာပြည့်အောင် لا إلَهَ إلَّا الله وحْدَهُ لا شَرِيكَ لَه، لَهُ المُلْكُ، ولَهُ الحَمْدُ، وَهوَ عَلَى كُلِّ شيءٍ قَدِيرٌ ဟု ရွတ်ဆိုရမည်။ ထို့ပြင် ဆွလားသ်တိုင်း၏နောက်တွင် 'အာယသွလ်ကုရ်စီး'၊ 'ကုလ်ဟုဝလ္လာဟုအဟဒ်'၊ 'ကုလ်အအူးဇုဗိရဗ်ဗိလ်ဖလက်က်' နှင့် 'ကုလ်အအူးဇုဗိရဗ်ဗိန္နာစ်' တို့ကို ဖတ်ရွတ်ရမည်။ တမန်တော်မြတ် ﷺ ထံမှ ၎င်းနှင့်ပတ်သက်၍ ဟဒီးဆ်တော်များ၌ လာရှိထားသည့်အတွက် ဖဂျရ်ဆွလာသ်နှင့် မဂ်ရိဗ်ဆွလားသ်တို့၏နောက် တွင် ဤစူရဟ်သုံးပုဒ်အား သုံးကြိမ်စီ ထပ်မံရွတ်ဖတ်ခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။ ဤဇိက်ရ်တော်များအားလုံးသည် စွန္နသ်ဖြစ်ပြီး ဖရဿ်ွ မဟုတ်ပေ။

မွတ်စ်လင်မ်အမျိုးသားနှင့် အမျိုးသမီးတိုင်းအတွက် ဇုဟိုရ်ဆွလာသ် မတိုင်မီ လေးရကအသ်၊ ဇုဟိုရ်ဆွလားသ်ပြီး နှစ်ရကအသ်၊ မဂ်ရိဗ်ဆွလားသ်ပြီး နှစ်ရကအသ်၊ အိရှာဆွလားသ်ပြီး နှစ်ရကအသ်နှင့် ဖဂျရ်ဆွလားသ်မတိုင်မီ နှစ်ရကအသ်တို့ကို ဝတ်ပြုရန် ပြဋ္ဌာန်းထားသည်။ စုစုပေါင်း (၁၂) ရကအသ်ဖြစ်သည်။ ၎င်းရကအသ်များကို ရဝါသိဗ်ဟု ခေါ်သည်။ အကြောင်းမူကား တမန်တော်မြတ်သ ﷺ သည် နေရပ်တွင်ရှိနေချိန်၌ ၎င်းတို့ကို စွဲစွဲမြဲမြဲ ဝတ်ပြုခဲ့သောကြောင့် ဖြစ်သည်။ ခရီးထွက်နေစဉ်တွင်မူ ဖဂျရ်စွန္နသ်နှင့် ဝသိရ်ဆွလားသ်မှလွဲ၍ ကျန်ဆွလားသ်များကို စွန့်လွှတ်လေ့ရှိသည်။ တမန်တော်မြတ် ﷺ သည် ထိုဆွလားသ်နှစ်ခုကို မိမိအရပ်ဒေသ၌ရော ခရီးထွက်နေစဉ်တွင်ပါ အမြဲတစေ ဝတ်ပြုလေ့ရှိသည်။ ဤနဖိလ်ဆွလားသ်များနှင့် ဝသိရ်ဆွလားသ်ကို အိမ်၌ ဝတ်ပြုခြင်းသည် ပို၍မွန်မြတ်သည်။ အကယ်၍ ဗလီ၌ ဝတ်ပြုလျှင်လည်း အပြစ်မရှိပေ။ အကြောင်းမှာ တမန်တော်မြတ် ﷺ က မိန့်ကြားထားသောကြောင့် ဖြစ်သည် -

َفْضَلُ صَلَاةِ المَرْءِ في بَيْتِهِ، إلَّا الصَّلَاةَ المَكْتُوبَةَ).

(ဖရ်ဿ်ဆွလားသ်မှအပ လူတစ်ဦး၏ မိမိအိမ်တွင် ဆွလား သ်ဆောက်တည်ခြင်း သည် အမွန်မြတ်ဆုံးဖြစ်သည်။)19.

ဤရကအသ်များကို စောင့်ထိန်းခြင်းသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ခွင့်ရမည့် အကြောင်းခံများတွင် ပါဝင်သည်။ တမန်တော်မြတ် (ﷺ) မိန့်ကြားတော်မူခဲ့သည်မှာ-

(مَنْ صَلَّى اثْنَتَيْ عَشْرَةَ رَكْعَةً فِي يَومٍ وَلَيْلَةٍ، بُنِيَ لَه بِهِنَّ بَيْتٌ فِي الجَنَّةِ).

(အကြင်သူသည် နေ့နှင့်ညတွင် (၁၂) ရကအသ်ဆောက်တည်ပါက ထိုသူ့အတွက် ဂျန္နသ်သုခဘုံတွင် အိမ်တစ်ဆောင် ဆောက်လုပ်ပေးခြင်းခံရမည်ဖြစ်သည်။)20.

အကယ်၍ အဆွရ်မတိုင်မီ လေးရကအသ်၊ မဂ်ရိဗ်ဆွလားသ်မတိုင်မီ နှစ်ရကအသ်နှင့် အိရှာဆွလားသ်မတိုင်မီ နှစ်ရကအသ် ဝတ်ပြုမည်ဆိုလျှင် ကောင်းမွန်ပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအကြောင်းအရာနှင့်ပတ်သက်၍ တမန်တော်မြတ် (ﷺ) ထံမှ ခိုင်လုံသော အ ထောက်အထားများ လာရှိထားသော ကြောင့်ဖြစ်သည်။ ထို့ပြင် ဇုဟုရ်အပြီးတွင် လေးရကအသ်နှင့် ဇုဟုရ်မတိုင်မီ လေးရကအသ် ဝတ်ပြုမည်ဆိုလျှင်လည်း ကောင်းမွန်ပေသည်။အဘယ် ကြောင့်ဆိုသော် တမန်တော်မြတ် (ﷺ) က ဤသို့ မိန့်ကြားထားသောကြောင့်ဖြစ်သည်။ -

(مَنْ ‌حَافَظَ ‌عَلَى ‌أَرْبَعِ ‌رَكَعَاتٍ ‌قَبْلَ ‌الظُّهْرِ، وَأَرْبَعٍ بَعْدَهَا حَرَّمَهُ اللَّهُ عَلَى النَّارِ).

(မည်သူမဆို ဇုဟုရ်ဆွလားသ်မတိုင်မီ လေးရကအသ်နှင့် ဇုဟုရ်ဆွလားသ်ပြီးနောက် လေးရကအသ်ကို စွဲစွဲမြဲမြဲ ဝတ်ပြုဆောက်တည်ခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူအပေါ် ဂျဟန္နမ်ငရဲမီးအား ဟရာမ်အဖြစ်သတ်မှတ် (တားမြစ်) တော်မူသည်။)21. အဓိပ္ပာယ်မှာ ၎င်းသည် စုနန်ရဝါသိဗ်အပြင် ဇုဟိုရ်ဆွလာသ်ပြီး (၂) ရကအသ်ကို ထပ်တိုးဝတ်ပြုရမည်ဟူ၍ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စုနန်ရဝါသိဗ်မှာ ဇုဟိုရ်ဆွလာသ် မတိုင်မီ လေးရကအသ်နှင့် ဇုဟိုရ်ဆွလာသ်ပြီး နှစ်ရကအသ်တို့ ဖြစ်သောကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ ၎င်းဆွလာသ်ပြီးနောက် နှစ်ရကအသ်ကို ထပ်တိုးဝတ်ပြုလိုက်ပါက အွမ္မေဟဗီးဗဟ် (ရဿွိယလ္လာဟုအန်ဟာ) ၏ ဟဒီးဆ်တော်တွင် ဖော်ပြထားသည့်အတိုင်း ရရှိမည်ဖြစ်သည်။

အလ္လာဟ်အရှင်မြတ်သည်သာ စွမ်းအားပေးသနားမှုကို ပိုင်ဆိုင်တော်မူသောအရှင်ဖြစ်တော်မူသည်။ ကျွန်ုပ်တို့၏ နဗီတမန်တော် မုဟမ္မဒ် ဗင်န် အဗ်ဒွလ္လာဟ်အပေါ်သို့လည်းကောင်း၊ ကိုယ်တော်၏ အိမ်သူ အိမ်သားများနှင့် သာဝကတော်များအပေါ်သို့လည်းကောင်း၊ အကျိုးအပြစ်စီရင်မည့်နေ့တိုင်အောင် ကောင်းမြတ်စွာ နောက်လိုက်ကြသူများအပေါ်သို့လည်းကောင်း အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ကောင်းချီးမင်္ဂလာနှင့် ငြိမ်းချမ်းသာယာမှုများ ကျရောက်ပါစေ။

 

***

 

my395v2.1 - 04/08/2026


မွတ်စ်လင်မ်ကျမ်း၊ ဟဒီးဆ်အမှတ် (၂၂၄)။

ဗုခါရီကျမ်း၊ ဟဒီးဆ်အမှတ် (၅၇၈၂)။

ဗုခါရီကျမ်း၊ ဟဒီးဆ်အမှတ် (၇၄၄)၊ မွတ်စ်လင်မ်ကျမ်း၊ ဟဒီးဆ်အမှတ် (၅၉၈)။

မွတ်စ်လင်မ်ကျမ်း၊ ဟဒီးဆ်အမှတ် (၃၉၉)။

ဗုခါရီကျမ်း၊ ဟဒီးဆ်အမှတ် (၇၅၆)။

ဗုခါရီကျမ်း၊ ဟဒီးဆ်အမှတ် (၈၁၇)၊ မွတ်စ်လင်မ်ကျမ်း၊ ဟဒီးဆ်အမှတ် (၄၈၄)။

ဗုခါရီကျမ်း၊ ဟဒီးဆ်အမှတ် (၇၁၁) / မွတ်စ်လင်မ်ကျမ်း၊ ဟဒီးဆ်အမှတ် (၅၉၈)။

မွတ်စ်လင်မ်ကျမ်း၊ ဟဒီးဆ်အမှတ် (၄၇၇)။

မွတ်စ်လင်မ်ကျမ်း၊ ဟဒီးဆ်အမှတ် (၄၇၉)။

ဗုခါရီကျမ်း၊ ဟဒီးဆ်အမှတ် (၇၈၈)၊ မွတ်စ်လင်မ်ကျမ်း၊ ဟဒီးဆ်အမှတ် (၄၉၃)။

သိရ်မီဇီကျမ်း၊ ဟဒီးဆ်အမှတ် (၂၈၄) ၊အဗူဒါဝူဒ်ကျမ်း၊ ဟဒီးဆ်အမှတ် (၈၅၀) အိဗ်နုမာဂျဟ်ကျမ်း၊ ဟဒီးဆ်အမှတ် (၈၉၈)။

ဗုခါရီကျမ်း၊ ဟဒီးဆ်အမှတ် (၇၉၇) ၊ မွတ်စ်လင်မ်ကျမ်း၊ ဟဒီးဆ်အမှတ် (၄၀၂)။

ဗုခါရီကျမ်း၊ ဟဒီးဆ်အမှတ် (၁၃၁၁)၊ မွတ်စ်လင်မ်ကျမ်း၊ ဟဒီးဆ်အမှတ် (၅၈၈)။

နစာအီကျမ်း၊ ဟဒီးဆ်အမှတ် (၁၂၉၈)။

မွတ်စ်လင်မ်ကျမ်း၊ ဟဒီးဆ်အမှတ် (၄၀၂)။

မွတ်စ်လင်မ်ကျမ်း၊ ဟဒီးဆ်အမှတ် (၅၉၁)။

မွတ်စ်လင်မ်ကျမ်း၊ ဟဒီးဆ်အမှတ် (၄၀၂)။

ဗုခါရီကျမ်း၊ ဟဒီးဆ်အမှတ် (၆၈၆၀)။

မွတ်စ်လင်မ်ကျမ်း၊ ဟဒီးဆ်အမှတ် (၇၂၈)။

အဟ်မဒ်ကျမ်း၊ ဟဒီးစ်အမှတ် (၂၅၅၄၇)၊ သိရ်မီဇီကျမ်း၊ ဟဒီးစ်အမှတ် (၃၉၃)/ အဗူဒါဝူဒ်ကျမ်း၊ ဟဒီးစ်အမှတ် (၁၀၇၇)။

ဗုခါရီကျမ်း၊ အမှတ် (၆၀၅)။