×

မွတ်စ်လင်မ်တိုင်းအပေါ်၌ တစ်ပတ်လျှင်တစ်ရက် ရေချိုးရန်တာဝန်ရှိသည်။

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်။ မွတ်စ်လင်မ်တိုင်းအပေါ် ၌ တစ်ပတ်လျှင်တစ်ရက် မိမိ၏ဦးခေါင်းနှင့် ခန္ဓာကိုယ်ကိုဆေးကြောကာ ရေချိုးရန်တာဝန်ရှိသည်။
ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

Explanation

အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ‘မွတ်စ်လင်မ်တိုင်းအပေါ်၌ တစ်ပတ်လျှင်တစ်ရက် ရေချိုးရန်တာဝန်ရှိသည်’ဟု မိန့်ကြားတော်မူခဲ့သည်။ ဤသြဝါဒတော်၌ပါရှိသည့် ‘မွတ်စ်လင်မ်တိုင်း’ဟူသည် သောကြာနေ့ ဂျုမုအဟ် ဆွလာသ်ဆောက်တည်ရန် လာရောက်သည့် အရွယ်ရောက်ပြီး မွတ်စ်လင်မ်တိုင်းကို ဆိုလိုပြီး တစ်ပတ်လျှင်တစ်ရက် ရေချိုးရမည့်နေ့ဟူသည် ဂျုမုအဟ် သောကြာနေ့ကို ဆိုလိုသည်။ ထိုနေ့တွင် မိမိ၏ဦးခေါင်းနှင့်အတူ ခန္ဓာကိုယ်ကိုပါဆေးကြောကာ ရေချိုးရန်တာဝန်ရှိသည်။ ဦးခေါင်းသည် ခန္ဓာကိုယ်၌ပါဝင်ပြီးဖြစ်သော်လည်း ၎င်းကို ပို၍သန့်စင်ရန်လိုအပ်သောကြောင့် သီးသန့် ထုတ်ဖော်တင်ပြထားခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတို့သည် ဦးခေါင်း၌ ဆီနှင့် ဆီကဲ့သို့သောအရာများကို လိမ်းလေ့ရှိကြသည်။ ထိုကြောင့် ၎င်းတို့သည် ပထမဦးဆုံး ဆီကိုဆေးကြောပြီးမှသာ ရေချိုးကြသည်။ စွန္နသ်တော်တွင်လည်း ထိုအတိုင်းပင် လာရှိထားသည်။ ဤသည် ဂျုမုအဟ်ဆွလာသ် ဝတ်ပြုရန်အတွက်ရေချိုးခြင်းသည် လေးနက်သည့် မွတ်စ်သဟဗ်ဖြစ်ကြောင်းအထောက်အထားပင်ဖြစ်သည်။ သို့သော် ၎င်းအားစွန့်လွှတ်သူသည် အပြစ်ထိုက်လောက်သည့်‘ဝါဂျိဗ်’တာဝန်မဟုတ်ပေ။ အိမာမ်ဗုခါရီက (ဟဒီးဆ်အမှတ်-၉၀၃) တွင် ဆင့်ပြန်ထားသည်မှာ ယဟ်ယာဗင်န်စအီးဒ်(ရဿွိယလ္လာဟုအန်ဟု)က အမ်ရဟ်(ရဿွိယလ္လာဟုအန်ဟာ)အား ဂျုမုအဟ်နေ့ ရေချိုးခြင်းနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့ရာ အမ်ရဟ်ကပြောပြသည်မှာ- အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ပြောကြားခဲ့သည်။ လူတို့သည် ကိုယ်စီအသက်မွေးဝမ်းကျောင်းအဖြစ် အလုပ်လုပ်ကိုင်ကြသည်။ ၎င်းတို့သည် ဂျုမုအဟ်ဆွလာသ်ဆောက်တည်ရန်သွားကြသည့်အခါ၌ ၎င်းတို့(အလုပ်တွင်ရှိနေသည့်) အခြေအနေအတိုင်း သွားလေ့ရှိကြသည်။ထို့ကြောင့် ၎င်းတို့သည် သင်တို့ရေချိုးလျှင် ကောင်းမည်ဟု ပြောကြားခြင်းခံရသည်။

Benefits from the Hadith

  1. အစ္စလာမ်သာသနာသည် သန့်ရှင်းစင်ကြယ်မှု၊ အမွှေးအကြိုင်သုတ်လိမ်းမှုတို့ကို အလေးထားသည်။
  2. ဤဟဒီးဆ်တော်သည် သောကြာနေ့ရေချိုးခြင်း ဝါဂျိဗ် တာဝန်ဖြစ်သည်ဟု အဆိုပြုကြသူများ၏ အထောက်အထားများအနက်မှ တစ်ခုဖြစ်သည်။ သို့သော် သောကြာနေ့တွင် ဆွလာသ်အတွက် ရေချိုးခြင်းသည် လေးနက်သည့် မွတ်စ်သဟဗ်ဖြစ်ပြီး စွန့်လွှတ်သူအတွက် အပြစ်ထိုက်လောက်သည့် ဝါဂျိဗ်တာဝန်မဟုတ်ကြောင်း ညွှန်ပြနေသည့် အခြားဟဒီးဆ်တော်များလည်းရှိသည်။
  3. ဦးခေါင်းသည် ခန္ဓာကိုယ်တွင် ပါဝင်ပြီးဖြစ်သော်လည်း ၎င်းအား အလေးထားရန်အတွက် ထပ်မံတင်ပြထားခြင်းဖြစ်သည်။
About us
A government agency responsible for supervising religious services in the Two Holy Mosques, providing a suitable environment of faith for worship and learning, and also aims to promote the religious message of the Two Holy Mosques globally